<
 
 
 
 
×
>
You are viewing an archived web page, collected at the request of United Nations Educational, Scientific and Cultural Organization (UNESCO) using Archive-It. This page was captured on 08:13:30 Oct 07, 2022, and is part of the UNESCO collection. The information on this web page may be out of date. See All versions of this archived page.
Loading media information hide

ပညာရေးအတွက် အန္တရာယ်ရှိနိုင်သော အခြေအနေ - မြန်မာနိုင်ငံရှိ ကလေးသူငယ်မျိုးဆက်သည် မိမိတို့၏လေ့လာသင်ယူမှုများကို ဘေးကင်းလုံခြုံမှုရှိပြီး လူတိုင်း ပါဝင်နိုင်သည့် အခွင့်အလမ်းများနှင့် ရှေ့ဆက်နိုင်ရမည်

ပညာရေးအတွက် အန္တရာယ်ရှိနိုင်သော အခြေအနေ - မြန်မာနိုင်ငံရှိ ကလေးသူငယ်မျိုးဆက်သည် မိမိတို့၏လေ့လာသင်ယူမှုများကို ဘေးကင်းလုံခြုံမှုရှိပြီး လူတိုင်း ပါဝင်နိုင်သည့် အခွင့်အလမ်းများနှင့် ရှေ့ဆက်နိုင်ရမည်

Save the Children၊ UNESCO နှင့် UNICEF တို့မှ ပူးတွဲထုတ်ပြန်ချက်

 

ဘန်ကောက်၊ ၂၀၂၁ ခုနှစ်  မေလ ၂၀ ရက် - မြန်မာနိုင်ငံရှိ ကလေးသူငယ်နှင့် လူငယ် ၁၂ သန်းကျော်သည် ပုံမှန်ပညာသင်ယူလေ့လာမှုအစီအစဉ်များကို လက်လှမ်းမှီမှုမရှိခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိုကလေးသူငယ်နှင့် လူငယ်များ၏ ပညာရေး၊ တစ်ကိုယ်ရေ ဖွံ့ဖြိုးတိုးတက်မှု၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနှင့် အနာဂတ်အခွင့်အလမ်းများအပေါ်သက်ရောက်မည့် အကျိုးဆက်များမှာ အလွန်ကြီးမားပြီး ထပ်မံမြင့်တက်လာနိုင်ခြေရှိပါသည်။ အနွမ်းပါးဆုံးနှင့် ဝေးလံခေါင်ဖျားဒေသများမှ ကလေးသူငယ်များမှာ ပို၍ထိခိုက်နိုင်ဖွယ်ရှိပါသည်။

ကလေးသူငယ်နှင့် လူငယ်များအားလုံးတွင် ပညာသင်ယူရန်အခွင့်အရေးရှိပြီး မိဘများတွင်လည်း မိမိရင်သွေးအတွက် ပညာသင်ယူခြင်းနည်းလမ်းများကို ရွေးချယ်ခွင့်ရှိပါသည်။ ပညာရေးနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များချမှတ်ရာတွင် ကလေးများအတွက် အကျိုးအရှိဆုံးဖြစ်ရေးကို အဓိကထား စဉ်းစားရပါမည်။ ကျောင်းသူ ကျောင်းသားများ၊ ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများအနေဖြင့် ထိုကလေးသူငယ်နှင့်လူငယ်များ၏ ကိုယ်ပိုင်သတ်မှတ်ချက်များအတိုင်း ဂုဏ်သိက္ခာရှိစွာသင်ကြားခွင့်၊ သင်ယူခွင့်ရရှိရန်လိုအပ်ပြီး လေးစားရန်နှင့် ဘေးကင်းလုံခြုံမှုရှိရန်မှာလည်း အလွန်အရေးကြီးပါသည်။

ပညာသင်ယူလေ့လာသည့်နေရာများနှင့် ပညာရေးဝန်ထမ်းများအပေါ် တိုက်ခိုက်မှုများအပြင် ပညာရေးပရိဝုဏ်များအတွင်း ဝင်ရောက်နေထိုင်ခြင်းတို့သည် လက်ခံနိုင်ဖွယ်မရှိပါ။ ကလေးသူငယ်များ၏ သင်ယူလေ့လာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘေးကင်းလုံခြုံစွာ ပြုမူလုပ်ပိုင်ခွင့် ရရှိသင့်သော အဆိုပါနေရာများအပေါ် ပဋိပက္ခနှင့် ဆူပူအုံကြွမှုများမှကာကွယ်ပေးရပါမည်။

ကိုဗစ်-၁၉ကာလအတွင်း ပညာသင်ယူလေ့လာရေးနေရာများကို ဘေးကင်းအောင်ထားရှိရန် ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးအစီအမံများကို ထိထိရောက်ရောက် အသုံးချရန်လည်း လိုအပ်ပါသည်။ ကိုဗစ်-၁၉နှင့်ဆက်စပ်သည့် အန္တရာယ်မှာမြင့်မားနေဆဲဖြစ်ပြီး  ရောဂါကူးစက် ပြန့်ပွားမှုကို ကာကွယ်ရေးအတွက် တတ်နိုင်သမျှဆောင်ရွက်ကြရန် အရေးကြီးပါသည်။ ကျောင်းသားများနှင့်ဆရာများသည် သင်ယူလေ့လာမှု၌သာ အာရုံစိုက်နိုင်ရေးအတွက် လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးစောင့်ရှောက်မှုများပေးနိုင်ရန် မရှိမဖြစ်လိုအပ်ပါသည်။ ဆုံးရှုံးခဲ့ရသော သင်ယူလေ့လာမှုများအတွက် အစားထိုးအချိန်များဖြင့်ဖြည့်စွက်နိုင်ရန်၊ သင်ကြားရေးနှင့် သင်ယူရေးတို့ကို အလိုက်သင့်ပြောင်းလဲရန်လိုအပ်ပါမည်။ နောက်ဆက်တွဲအနေဖြင့် လိုအပ်သလိုပြင်ဆင်နိုင်သည့် သင်ယူလေ့လာရေးနည်းလမ်းများကို စဉ်ဆက်မပြတ်လိုအပ်မှုရှိပါမည်။

ပညာသင်ယူလေ့လာသည့်နေရာများကို အမြဲတစေဘေးကင်းလုံခြုံစွာထားရှိနိုင်ရေးနှင့် စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်ရေးမှာ မြန်မာနိုင်ငံအတွက် ဦးစားပေးအချက်တစ်ခု ဖြစ်ပါသည်။ ဘေးကင်းလုံခြုံမှုရှိသော အရည်အသွေးမီပညာရေးကို သင်ယူလေ့လာခွင့်မရရှိခြင်းသည် မြန်မာနိုင်ငံရှိ မျိုးဆက်တစ်ခုလုံး သင်ကြားမှုသင်ယူမှုအခွင့်အလမ်းနှင့်လွဲချော်မည့်အနေအထား ဖြစ်လာစေရန် ခြိမ်းခြောက်နေပါသည်။  ကျွန်ုပ်တို့သည် လက်ခံနိုင်ဖွယ်မရှိသည့် ဤသို့အခြေအနေများကို လုံးဝ လက်သင့်ခံမည်မဟုတ်ပါ။

-နိဂုံး-

 

ထပ်မံသိရှိလိုပါက - ကျေးဇူးပြု၍ ဆက်သွယ်ရန် -

 Shima Islam, UNICEF East Asia and Pacific, Bangkok, ssislam@unicef.org

UNESCO Regional Bureau, Bangkok, bangkok@unesco.org

Charlotte Rose, charlotte.rose@savethechildren.org

Save the Children Asia Regional Office (BST ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည်)